Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ် ပွဲနှင့် စံပြဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ် ပွဲနှင့် စံပြဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၃

==================

          ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ မေလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး လုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် စံပြဆုများ ချီးမြှင့်ခြင်းအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက် ရသည့် လုပ်ငန်းစီမံကိန်းများရှိသလို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းစီမံကိန်းများလည်းရှှိရာ တက်ရောက်လာသည့် ခရိုင်(၆)ခု အတွင်းမှ ကျေးလက်နေပြည်သူ များအနေဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမည့် စီမံကိန်းရန်ပုံငွေများ အား သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ စနစ်တကျသုံးစွဲဆောင်ရွက်ရန်လိုအပ်ပြီး စီမံကိန်းရန်ပုံငွေများဖြင့် မိမိတို့ဒေသအား ယခု ထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးပူးပေါင်းပါဝင် ကြိုးစားကြစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံ ကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်း စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့အတွက် စုစုပေါင်းငွေကျပ်(၃၈၂၅)သန်းနှင့်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျေးရွာများအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခရိုင်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြဆုရရှိခဲ့သည့် ကျေးရွာတာဝန်ခံများ၊ ခရိုင်/မြိုနယ်ဦးစီးမှူးများဖြင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းများနှင့် သက်ဆိုင်ရာစီမံကိန်းကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

          ယခုအခမ်းအနား၌ စီမံကိန်းအမျိုးအစားလိုက် လွှဲပြောင်းပေးအပ်သည့် ငွေကျပ်(၃၈၂၅)သန်းဖြင့် ကျေးရွာပေါင်း(၂၁၈)ရွာ၊ အိမ်ခြေ(၃၂၆၅၆)နှင့် လူဦးရေ(၁၁၇၅၄၃)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၉၀၀)ဖြင့် ကျေးရွာတွင်းလမ်း/တံတားများ၊ ကျေးရွာတွင်း လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာသောက်သုံးရေရရှိရေးတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။