Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဧပြီလအကုန် (၁၀၀)ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ဝန်ကြီးချုပ် ပြောကြား

တိုင်းဒေသကြီးအတွင်း ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဧပြီလအကုန် (၁၀၀)ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ဝန်ကြီးချုပ် ပြောကြား

ဧပြီ ၅ ပဲခူး

======================

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးအား နေ့စဉ်အရှိန်အဟုန်ဖြင့် ထိုးနှံပေးလျက်ရှိရာ ယခုအခါ ရောဂါပိုးတွေ့ရှိမှု (၀.၀၂)ရာခိုင်နှုန်းခန့်သာ တွေ့ရှိရသော်လည်း ပေါ့ဆ၍မရဘဲ ဦးတည်အုပ်စု အလိုက် ဧပြီလအကုန် (၁၀၀)ရာခိုင်နှုန်းပြည့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုချင်းအလိုက် ဦးတည်အုပ်စုများရှိ သတ်မှတ် လူဦးရေအတွင်းမှ ပြည်ပသို့ တရားဝင်/တရားမဝင် သွားရောက်သူ၊ ကျန်းမာရေးအရ ကာကွယ်ဆေးထိုးရန် မသင့်လျော်သူ၊ နယ်ကျော်ခေတ္တသွားနေသူ၊ ပြည်တွင်းပြောင်းရွေ့သွားသူ၊ အသက်အရွယ်ကြီးရင့်သူနှင့် သေဆုံးသွားသူများ စသည့် စာရင်းဇယားများ စနစ်တကျ ပြန်လည်ပြုစုတင်ပြရန်၊ နယ်ကျော်ခေတ္တ သွားရောက်နေသူများ ပြန်လာပါက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြည်သူတစ်ဦးချင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးမှသာ ကိုဗစ်-၁၉ရောဂါကြောင့် ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသက်သာသွားမှာဖြစ်ကြောင်း အသိပညာပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရောက်ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ ကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များတွင် ဦးတည်အုပ်စုအလိုက် ဧပြီလကုန်အပြီး ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် သီးခြားလိုအပ်ချက်များကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတို်ငးမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရာတွင် လိုအပ်သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း အသီးသီးတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။