Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲ

ပဲခူး ဧပြီ ၁၄

=========================

          ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်ကားသိုက်မြိုက်စွာ ရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒီသာကျွေးမွေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒီသာနှင့် ရေကစားမဏ္ဍပ်(၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား အများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေ့စဉ် ကျွေးမွေးလှူဒါန်းနေသည့် စတုဒီသာမဏ္ဍပ်တွင် ထမင်း+ဟင်း လာရောက်သုံးဆောင်နေသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကြီးကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူမဏ္ဍပ်များဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး စတုဒီသာမဏ္ဍပ်များမှလည်း နေ့စဉ်ကျွေးမွေး လှူဒါန်းလျက်ရှိရာ အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိ ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်၌ အကြိုနေ့မှ အတတ်နေ့အထိ နိုင်ငံကျော် အနုပညာရှင်/အဆိုတော် မိုးအောင်ရင်၊ ပူစူး၊ အစ္စဏီ၊ ပွင့်နဒီမောင်နှင့် အခြား အနုပညာရှင် အဆိုတော် များဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်သီဆို ဖျော်ဖြေပေးလျက်ရှိကြောင်း သတင်းရရှိသည်။