Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ဇီးကုန်း ဩဂုတ် ၂၃

===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၃) ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် \ပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဒေသဆိုင်ရာအချက် အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တင်ပြချက်များပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နှစ် (၃)သီး စိုက်ပျိုးမည့် မြေနေရာများတွင် ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးပြီးစီးရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန် ဆန်၊ ဆီစသည်တို့အား ရပ်ကွက်/ ကျေးရွာများအထိ သက်သာသော နှုန်းထားဖြင့်ရောင်းချပေးရန်၊ ဆီထွက်သီးနှံ နေကြာအား  အမှန်တကယ် အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေများ ရွေးချယ်စိုက်ပျိုးရန်၊ စိုက်ပျိုးရေ အခက်အခဲရှိသည့် နေရာများတွင် Mobile Solar Pump System ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နွေစပါးရေပေးမြောင်းများ ပြန်လည်ပြုပြင်တူးဖော်ထားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်) သိုလှောင်ရုံခွဲ(၁)ဝန်းအတွင်း ယာယီခရိုင်ရဲတပ်ဖွဲ့မှူးရုံးဖွင့်လှစ် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာရုံးမြေနေရာများ အမြန်ဆုံးချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်လင်းမြို့နယ်၊ မှန်တန်းကြီးမြစိမ်းရောင် စံပြကျေးရွာအတွင်း (၂၀)ပေအကျယ် ရွာတွင်းလမ်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံများအား စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းများလည်း တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသကြက်အား အသားတိုးစနစ်ဖြင့် မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွယ်ခွေကျေးရွာအုပ်စုအတွင်း နွေစပါး ဧက(၁၀၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း(၄၆.၁)သန်းဖြင့် တောင်ညိုဆည်၊ BDY-1 ရိုးဟောင်းအရှည်ပေ(၂၆၅၀၀) ပြန်လည်တူးဖော်ခြင်းနှင့် လှည်းကူးရေတံခါး တပ်ဆင်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျိုးပြဧကအတိုင်း ဧရိယာအပြည့် နွေစပါးစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။