Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပဲခူး ဒီဇင်ဘာ ၂၀

===========

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းနိုင်ရေး အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း၊ အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏကြီးမားသလို နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းလည်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်စေရန် ကြိုးစားကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူမှုရေးရာဝန်ကြီးက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက်၊ သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံ၊ တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

          ယင်းနောက် တိုင်းဒေသကြီးအဆင့် သင်တန်းသားများအား မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်း (မသန်စွမ်း(၅)မျိုးစာရင်း ကောက်ယူခြင်းအပါအဝင်)လုပ်ငန်းစဉ်များအား သင်တန်းနည်းပြများမှ သင်ကြား ပေးခဲ့ကြသည်။

       အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းအား တိုင်းဒေသကြီး အဆင့်တွင် ခရိုင်(၆)ခု၌ ဖွင့်လှစ်ပြီး သင်တန်းသား(၃၄၄)ဦးအား သက်ဆိုင်ရာဘာသာရပ်များအလိုက် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မြို့နယ်အဆင့် သင်တန်းများအား သတ်မှတ်နေရာများတွင် သင်တန်းသား(၇၆၁၇)ဦးအား ဒီဇင်ဘာလ(၂၇)ရက်နေ့နှင့် ဒီဇင်ဘာလ(၂၈)ရက်နေ့တို့တွင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။