• ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကိုရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးအခမ်းအနား၌ အမှာစကားပြောကြားခြင်း

  • ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကိုရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးမင်းထိုက်မှ ရှင်းလင်းပြောကြားခြင်း

  • မှုခင်းအသိပညာပေးယာဉ်နှင့် ရဲမှုခင်းဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ ကြည့်ရှုလေ့လာ ခြင်း

Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးအခမ်းအနားကို သြဂုတ်လ (၂၃)ရက်၊ နံနက် (၀၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက်၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးမင်းထိုက်က ရက်(၁၀၀)အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အပိုင်း(၃)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာတွင် အပိုင်း(၁) မှုခင်းကျဆင်းရေး၊ အပိုင်း(၂) နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့် အမှုရင်ဆိုင်နေကြသူများ နှင့်စပ်လျဉ်းသည့် အမှုများကို ရုပ်သိမ်း/ပိတ်သိမ်းနိုင်ရေး၊ အပိုင်း(၃) ဝန်ဆောင်မှုကို ရှေ့ရှုသောရဲလုပ်ငန်းစနစ်သို့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနှင့် အနှစ်သာရတိုးတက် အောင် မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် မှုခင်းအသိပညာပေးယာဉ်နှင့် ရဲမှုခင်းဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း အဆင့်ဌာနဆိုင်ရာများမှ ကြည့်ရှုလေ့လာ ခဲ့ကြသည်။