ပန်းတောင်း ဇွန် ၆
ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတောင်းမြို့၌ တောရိုင်းမြေများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာရေရိက္ခာဖူလုံစေရေး အတွက် ကျေးလက်ဒေသများအထိ မြေပြင်တိုက်ရိုက်ကွင်းဆင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ်၌ ဇီးကုန်းချောင်းရိုး တိမ်ကော၍ လွန်ခဲ့သောနှစ်ပေါင်း(၄၀)ကျော်ကတည်းက မစိုက်ပျိုးနိုင်တော့ဘဲ တောရိုင်းမြေအဖြစ် ဖြစ်ပေါ်နေမှုကို သိရှိခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဇီးကုန်းချောင်းရိုး ပေရှည်(၂၁၅၀၀) အား ငွေကျပ်(၈၅)သန်း အကုန်အကျခံ၍ ပြန်လည်တူးဖော်ပေးခြင်း၊ တောရိုင်းမြေ(၄၀)ဧကကိုလည်း ပြန်လည်စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် စက်ယန္တရားကြီးများဖြင့် တစ်ဧကလျှင်ငွေကျပ်(၁၀)သိန်း အကုန်အကျခံ၍ ထပ်မံဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးခဲ့မှုအပေါ် ဒေသခံတောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်တော့မည်ဖြစ်ကာ မြေလပ်မရှိ အကျိုးရှိရှိစိုက်ပျိုးသွားရန်၊ မိုးစပါးပြီးပါက ပဲတစ်မျိုးမျိုးအား မဖြစ်မနေ သီးထပ်စိုက်ပျိုးသွား ရသွားရမှာဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိ စေရေး ဒေသနွား၊ ဒေသကြက်၊ ဒေသဆိတ်နှင့် ဒေသဝက် မွေးမြူရေးလုပ်ငန်းများ တွဲဖက်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပန်းတောင်းမြို့၊ ပဲကြီးကျေးရွာအုပ်စုမှ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖော်ထုတ်ပေးခဲ့သည့် လယ်ယာမြေ(၄၀)ဧက နှင့် လယ်ယာမြေဖော်ထုတ်ရာတွင် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့သည့် ဒေသခံတောင်သူ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၈၀)အား ပေးအပ်ခဲ့သည်။
ယင်းနောက် ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံ တောင်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။