Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ည ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ည ကျင်းပ

ပဲခူး ဧပြီ ၂၀

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ညကို ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီး ရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာ ပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

           ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က “ဩဝါဒကထာ”တရားခေါင်းစဉ်ဖြင့် ဟော‌ကြားတော်မူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်သိန်း(၇၅)နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေခဲ့ကြ ကြောင်း သတင်းရရှိသည်။