ပြည် ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ၆ထပ် ဆေးကုသဆောင်သစ်၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်မြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လိုက်လံအားပေးစကား ပြောကြားခဲ့သည်။
ထိုနောက် ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာများ၊ မြိုမိမြိုဖများ၊ လူမှုရေးအသင်းအဖွဲများနှင့် ပရဟိတအဖွဲအစည်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကြက်ဥ၊ ဆီနှင့် တိုင်းရင်းဆေးများ ဝေပေးကုသိုလ်ပြုခဲ့ကာ လစဉ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သောဆေးဝါးများ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးတိုကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နေထိုင်နိုင်စေရေး ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်(၂၈)မြိုနယ်မှ ပြည်သူ့ဆေးရုံများ၌ လစဉ်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါးတစ်လစာ ထောက်ပံ့ပေးခြင်း၊ လိုအပ်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသုံးကုန်ပစ္စည်းများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းတိုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website