Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေးခြင်း အခမ်းအနားအား ယမန်နေ့  ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တိုင်းဒေသကြီတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့သည် သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ မီးအလှဆင်ရုပ်ပုံများ၊ ရောင်စုံမီးပုံးများ ချိတ်ဆွဲအလှဆင်ထားရှိမှုနှင့် ဌာနဆိုင်ရာစတုဒီသာမဏ္ဍပ်တို့အား အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ကြသည့် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ပဲခူးမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်မီးထွန်းပွဲတော်၌ ပဲခူးမြို့ရှိ အထင်ကရ ပန်းခြုံများ၊ တံတားများ၊ နာရီစဉ်များ၊ ဌာနဆိုင်ရာရုံးများ၊ ဟံသာဝတီညဈေးနှင့် ရွှေမော်ဓောဘုရားလမ်း တစ်လျောက်တို့တွင် ရောင်စုံမီးအလှများ၊ အနယ်နယ်အရပ်ရပ်မှ (၁၂)လရာသီ ပွဲဈေးတန်းအရောင်းဆိုင် များ၊ ပျော်ပွဲရွှင်ပွဲများအပြင် လာရောက်လည်ပတ်အားပေးသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော် အဆိုတော်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေး လျက်ရှိရာ ညစဉ်ညတိုင်း အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။