Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေ

မတ် ၂၉ (ပဲခူး)
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသားများအား  သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုစခန်းများသို့ စနစ်တကျပေးပို့၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မတ်လ (၂၇)ရက်နေ့မှ မတ်လ(၂၉)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ကျား(၄၁၂၈)ဦး၊ မ(၁၇၄၂)ဦး၊ စုစုပေါင်း(၅၈၇၀)ဦးတို့အနက် Home Quarantine အဖြစ် ကျား(၁၀၁၈)ဦး၊ မ(၅၀၇)ဦး၊  Facility Quarantine အဖြစ် ကျား(၃၁၀၃)ဦး၊ မ(၁၂၃၂)ဦး၊ Isolation(ဆေးရုံ) အဖြစ် ကျား(၇)ဦး၊ မ(၃)ဦးတို့အား မြို့နယ်(၂၈)မြို့နယ်ရှိ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုစခန်းများတွင် စနစ်တကျ ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။