Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ဇူလိုင် ၁၃ (ပဲခူး)
=================

ဇူလိုင်လ(၁၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ရုံးခန်းသို့ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ရှေးဦးစွာ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ အတွင်းရေးမှူး ဦးအားစူးက ဖောင်ဒေးရှင်းဖြစ်ပေါ်လာပုံနှင့် လက်ရှိဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ အတွင်းရေးမှူး ဦးအားစူးက KN95 (၇၂၀)ခုနှင့် Mask (၇၀၀၀)ခုတို့အား ပေးအပ်ခဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့မှ လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ အတွင်းရေးမှူး ဦးအားစူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။