Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Realm Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Realm Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ဇူလိုင် ၁၆ (ပဲခူး)
=======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Realm Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်  Facility Quarantine များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်  Realm Co., Ltd ၊ ဒါရိုက်တာ ဦးကျော်ဝင်းက Mask, Face Shield, Latex Gloves, Disposable Cap, Disposable Apron, Disposable Surgical Gown, Hand Gel, Dettol, Goggle, Chlorine, Gum Boots, Rice, Instant Noodle, Water Bottle and My Bizcuit Cookies တို့အား ထောက်ပံ့လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန်ရွှေတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ MFOCN Co., မှလည်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သော Mask နှင့် အပူချိန်တိုင်းစက်များ ထပ်မံလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အခမ်းနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။