Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မေ ၂၉

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊နံနက်ပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မုတ်သုန်ရာသီဝင် ရောက်ခဲ့ပြီဖြစ်၍ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များ မြို့နယ်အနှံ့ပြုလုပ်ရာတွင် ဌာနပိုင်မြေနေရာအပြင် လမ်းနယ်ကင်းလွတ်သော လမ်းဦးစီးပိုင်လမ်းဘေးဝဲယာ၊ ကျေးလက်လမ်း လမ်းဘေးဝဲယာများတွင် စိုက်ပျိုး သွားရမှာဖြစ်ကြောင်း၊ မကြာမီကျောင်းဖွင့်ရာသီရောက်ရှိတော့မည်ဖြစ်၍ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်း ရေးပြုလုပ်ရာတွင် အခြေခံပညာကျောင်းများအား ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို တစ်ပတ်တစ်ကြိမ် ပြုလုပ်သွားရန် နှင့် ကျောင်းစာကြည့်တိုက် များတွင် သုတ/ရသ စာအုပ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးစာအုပ်စာဆောင် များ ထပ်မံထည့်သွင်းပေး သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား/သူများ သတ်မှတ်ချက်အတိုင်း အပြည့်အဝ ကျောင်းတက်ရောက် နိုင်ရေး အဆောင်နှင့် ဖယ်ရီကားများ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီကာလ သွေးလွန် တုပ်ကွေးရောဂါအပြင် အခြားကူးစက်တတ်သည့် ရောဂါများ ပြန့်ပွားမှုမရှိစေရန် ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ အပြင် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းများ ရပ်ကွက်/ကျေးရွာများအထိ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်း များ တင်သွင်းခြင်း၊ ဖြတ်သန်းသယ်ယူပို့ဆောင်ခြင်းများ မရှိစေရေး ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက် သွားရန်နှင့် ရုံးလုပ်ငန်းများသွားရောက်ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ၊ MSMEs ချေးငွေ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ကျောင်းအပ်နှံနိုင်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အသီးသီး အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကောလိပ်နှင့် အဆင့်မြှင့်ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဒေသဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုချင်း အလိုက် လိုအပ်ချက်များ ဖြည်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။