Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

နိုဝင်ဘာ ၂၃ (ပဲခူး)

====================

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင် သစ်တောထွက်ပစ္စည်းများ ရောင်းဝယ်ယူမရှိစေရေး အရှိန်အဟုန်ဖြင့် ဖမ်းဆီးလျက်ရှိရာ သစ်တောဦးစီးဌာနမှ (၁၇.၁၁.၂၀၁၇) ရက်နေ့ မှ (၂၂.၁၁.၂၀၁၇) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ် တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၁)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၃၃.၄၆၉၈ တန်)၊ သစ်မာ (၂၉.၁၆၈၆ တန်)၊ အခြားသား (၄၇.၂၀၉၂ တန်)၊ မီးသွေး (၂၉.၈၇၅ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ကား (၃)စီး၊ ဆိုင်ကယ် (၃)စီးနှင့် တရုတ် စက်လွှ(၁) အား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။