Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၁)သန်း ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူ (၈၉၃)ဦး အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၁)သန်း ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူ (၈၉၃)ဦး အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့

ပဲခူး ဇွန် ၁

=========

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသ­­ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခြေခံ အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံလောက်သည့်မြေဧရိယာ ပေါများခြင်း၊ လုပ်သား အင်အားပေါကြွယ်ဝခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာကို သာ အဓိကရွေးချယ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့ တိုင်းဒေသကြီအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား နွေးနွေးထွေးထွေး ကြိုဆိုလျက်ရှိကာ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်သားအင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်သည့် CMP လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအလို့ဌာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ နှင့်အညီ အကာအကွယ်ပေးရန်၊  ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာ စေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက် အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် ဒေသတွင်း နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ်တစ်ခု၏ လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ မေလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁.၁)သန်းနှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်း(၈၉၃)ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၂၀၀.၁၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမြန်မာ ကျပ်ငွေ(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၂၄၉၀) ဦး ဖန်တီးပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။