Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်း ခြင်းခံရသူ (၂၆)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြု

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်း ခြင်းခံရသူ (၂၆)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြု

ပဲခူး နိုဝင်ဘာ ၄

===========================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရဲဗလဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(၁)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦးနှင့် ရာအိမ်မှူး(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦးအား ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ရဲဗလတံဆိပ်ရရှိသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်ကို ပဲခူးခရိုင်မှ(၇)ဦး၊ ညောင်လေးပင် ခရိုင်မှ (၉)ဦး၊ တောင်ငူခရိုင်မှ (၁၀)ဦး၊ ပြည်ခရိုင်မှ(၂)ဦး၊ နတ်တလင်းခရိုင်မှ (၉)ဦး၊ သာယာဝတီခရိုင်မှ (၈)ဦး၊ စုစုပေါင်း(၄၅)ဦးရရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ဖြစ်သည့် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ စုစုပေါင်း(၂၆)ဦး ရဲဗလတံဆိပ်တံဆိပ်ချီးမြှင့် အပ်နှင်းခံခဲ့ရကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက် မုခ်အနီး တန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မည့် ယာဉ်နားဝန်း၊ SMSE အရောင်းပြခန်းများ ခင်းကျင်းပသနိုင်ရေး စီစဉ်ထားရှိမှုနှင့် စတုဒီသာကျွေးမွေးမည့် မဏ္ဍပ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။