Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၁၉ -၂၀၂၂) သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၁၉ -၂၀၂၂) သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ဇူလိုင် ၂ (ပဲခူး)
======================

ဇူလိုင်လ(၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးမြို့ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း(၂၀၁၉- ၂၀၂၂) သက်တမ်းအတွက် ရွေးချယ်တင်မြှောက်က်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးနေလင်းဇင်တို့က အမှာစကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်ထွန်းက ပြီးခဲ့သည့်သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ် ရွေးချယ်ဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ၂၀၁၉-၂၀၂၂ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်တင်မြေှာက်ကြသည်။
ယင်းနောက် ရွေးချယ်ခံရသည့်ပဲခူးတိုင်းဒေသကြီး(အရှေ့)ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၁၉-၂၀၂၂ခုနှစ်အထိ ရွေးချယ်ခြင်းခံရသည့် အလုပ်အမှုဆောင်များမှာ ဦးကြည်ထွန်း (ဥက္ကဌ) ပဲခူးမြို့နယ်၊ ဒေါက်တာသူလွင်ထွန်း (ဒုဥက္ကဌ-၁) အုတ်တွင်းမြို့နယ်၊ ဦးမင်းယု (ဒုဥက္ကဌ-၂) ကဝမြို့နယ်၊ ဦးပြည့်ဖြိုးအောင် (ဒုဥက္ကဌ-၃) ပဲခူးမြို့နယ်၊ ဦးမိုးကျော်စွာ (ဒုဥက္ကဌ-၄) ကျောက်တံခါးမြို့နယ်၊ ဦးကျော်စိုးမိုး (အတွင်းရေးမှူး) တောင်ငူမြို့နယ်၊ ဦးကျော်စိုးမိုး (တွဲဖက်အတွင်းရေးမှူး-၁) ဖြူးမြို့နယ်၊ ဦးတင်မောင်နိုင် (တွဲဖက်အတွင်းရေးမှူး-၂) ရေတာရှည်မြို့နယ်၊ ဦးရာဇာအေးမင်းထွန်း (တွဲဖက်အတွင်းရေးမှူး-၃) ကျောက်တံခါးမြို့နယ်၊ ဒေါက်တာရဲလင်း (တွဲဖက်အတွင်းရေးမှူး-၄) တောင်ငူမြို့နယ်၊ ဦးအောင်မြင့် (တွဲဖက်အတွင်းရေးမှူး-၅) ဒိုက်ဦးမြို့နယ်၊ ဦးအောင်ဗိုလ်ဗိုလ်ကျော် (တွဲဖက်အတွင်းရေးမှူး-၆) ပဲခူးမြို့နယ်၊ ဦးဝင်းကိတ် (ဘဏ္ဍာရေးမှူး) ပဲခူးမြို့နယ်၊ ဦးစိန်ဝင်း (တွဲဖက်ဘဏ္ဍာရေးမှူး-၁) ဖြူးမြို့နယ်၊ ဦးမြင့်ဇော် (တွဲဖက်ဘဏ္ဍာရေးမှူး-၂) သနပ်ပင်မြို့နယ်၊ ဦးအေးမင်ထွန်း (စာရင်းစစ် )ဝေါမြို့နယ်၊ ဦးကျော်ဇေလင်း (တွဲဖက်စာရင်းစစ်) ကဝမြို့နယ်၊ ဦးစိုးပြည့်ထွန်း (တွဲဖက်စာရင်းစစ်) တောင်ငူမြို့နယ်၊ ဦးဌေးလွင် (တွဲဖက်စာရင်းစစ်) ပဲခူးမြို့နယ် စသည့် အလုပ်အမှုဆောင်(၁၉)ဦးဖြင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။