Home / မီဒီယာ / သတင်းမှတ်တမ်းများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာရေဝင်ရောက်မှု အခြေအနေအားကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာရေဝင်ရောက်မှု အခြေအနေအားကြည့်ရှု

စက်တင်ဘာ ၂ (အုတ်တွင်း)
===================

စက်တင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာ ရေဝင်ရောက်မှုအခြေအနေအား သွားရောက်ကြည့်ရှုပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ကျွဲပွဲမြို့ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် ဖွင့်လှစ်ထားသော ရေးဘေးကယ်ဆယ်ရေးစခန်းသို့ ရန်ကုန်မြို့ လမ်းမတော်ဆုံဆည်းရာ ပရဟိတလူငယ်များအဖွဲ့မှ လာရောက်လှူဒါန်းသော ဆန် ရိက္ခာနှင့် ရေသန့်ဗူးများအား ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြပြီး ကျွဲပွဲ-မြို့ဆိုး စစ်တောင်းတံတား ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အုတ်တွင်းမြို့နယ်အတွင်း ရေကြီး ရေလျှံမှုဖြစ်ပေါ်လျှက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်း (၇)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ (၁၄၆၀)ဦးရှိကြောင်း သတင်းရရှိသည်။