ပြည် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ ပြည်သာယာ ရပ်ကွက်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ကိုင်လျက်ရှိသော “ပေါက်ကြီး” ရေခဲမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်း Solar စနစ်ဖြင့် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး MSMEs လုပ်ငန်းများ Solar စနစ်ဖြင့် လု်ပငန်း စဉ်ဆက် မပြတ်လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လျော့နည်းမှုမရှိစေရေးတို့အတွက် အားပေး ဆောင်ရွက်သွားရန်၊ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများသည် ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းကို အခြေခံထုတ်လုပ်သည့်အပြင် ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်များဖန်တီးပေးထားခြင်းဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း များ ပေါများစေရေး MSMEs လုပ်ငန်းရှင်သစ်များ ဖော်ထုတ်၍ အမယ်သစ်၊ ထုတ်ကုန်သစ်များ ပေါ်ပေါက်လာစေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်း၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် လက်သည်းရေကန်တောင် ကျောင်း (ခ) သုံးပန်လှကျောင်းဝန်းအတွင်းရှိ နှစ်ထပ်အုတ်ကျောင်း ဘက်စုံပြုပြင်မွမ်းမံနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခြင်း နှင့်ပတ်သက်၍ လိုက်နာရမည့် တည်ဆောက်ရေးဆိုင်ရာနည်းလမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေ ရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန်၊ ဆေးအရောင် အား မူလဆေးအရောင်အတိုင်း ဆေးသုတ်ရန်၊ အုတ်ရိုးများအတွင်း ရေစိမ့်ဝင်မှုမရှိစေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ အုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သရက်ဇုံအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သရက်သီး သည် သရက်သီးသည် ကုန်ကြမ်းအဖြစ် ရောင်းချနိုင်သည့်အပြင် တန်ဖိုးမြှင့် စားသုံးကုန် အမျိုးမျိုးလည်း ထုတ်လုပ်နိုင်သည့်အတွက် ပြည်ပဈေးကွက်ရရှိထားပြီးဖြစ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ကျရောက်နေသဖြင့် သရက်ဇုံအတွင်း အဆောက်အဦ ဆောက်လုပ်ရာ တွင် အခိုင်အမာ ဆောက်လုပ်ခြင်း မပြုစေဘဲ သတ်မှတ်ပုံစံအတိုင်းသာ တစ်ပြေးညီ ဆောက်လုပ်ရန်၊ ခွင့်ပြုဧကအလိုက် သတ်မှတ်ထားသည့် ပင်ရေဝင်ဆံ့နိုင်ရေးနှင့် မြေယာရှင်းခြင်း လုပ်ငန်း ဆောင် ရွက်နေစဉ်အတွင်း လုံလောက်သော သရက်ပျိုးပင်များ ပျိုးထောင်ထားရှိနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။