Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူး စက်တင်ဘာ ၂၉

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဦးမျိုးဆွေဝင်း ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ကျန်းကျန်းမာမာ စုစုစည်းစည်းတွေ့ဆုံရ၍ အထူး ဝမ်းမြောက်ရကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့အား ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာ အပြန်အလှန်အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များသည် ယခင်ကတိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကို မငဲ့ကွက်ပဲ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများဖြစ်သလို ယခုအချိန် အခါတွင်လည်း မိမိတို့၏ ရပ်ရွာဒေသ ကာကွယ်ရေးလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်သူများ ပင်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ဂုဏ်ရှိန်မညိုးခဲ့သည့် စည်းကမ်းပြည့်ဝ စနစ်ရှိသည့် တပ်မတော်သား များဖြစ်ခဲ့သည်နှင့်အညီ တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသလို စစ်မှု ထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်တဲ့ဂုဏ်သိက္ခာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ဒို့တာဝန် အရေးသုံးပါကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လုပ်ငန်းစဉ်များ တွင် စစ်သားကောင်းများပီပီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် တပ်မတော်နှင့်အတူ ကျရာအခန်းကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် အလေး အနက်ထားမှာကြား လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအတွက် တန်ဖိုးငွေကျပ်(၁၂၀၈,၂၁,၃၆၆)တန်ဖိုးရှိ ဆန်နှင့် ဆီကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ရန်ပုံငွေကျပ် သိန်း(၃၀)အားလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ သည်။

          ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များကိုယ်စား စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။