Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဒီဇင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ကျုံးရိုးကျေးရွာ၌ ပဲခူးမြစ်ကမ်းပြိုကျနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ကွေ့များပြားသည့် နေရာဖြစ်၍ ရေလမ်းကြောင်းဖြတ်ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး Pilot Project ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်သည့် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး ပွင့်လင်းရာသီအတွင်း အချိန်မီ ပြီးစီးရန်၊ လမ်းအရည်အသွေးပြည့်မီမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လမ်းပုခုံးသားများအမာခံ ရရှိသည်အထိ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ပဲခူးမြို့နယ်၊ အရှေ့ကုန်းရွာနှင့် ဈေးညောင်ပင်ကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသား လမ်းအရှည်(၇)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး မြေပြင်ကွင်းဆင်းစိစစ်တိုင်းတာတွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဈေးညောင်ပင်ကျေးရွာ-အောက်စည်တီးအရှေ့ရွာ- အထက်စည်တီးအရှေ့ရွာအထိ တာဘောင်အတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပြီး တာဘောင်လမ်းသည် ကျေးလက်ဒေသအတွက် ရာသီမရွေးအသုံးပြုနေရသည့်လမ်းဖြစ်၍ တာဘောင် လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ရေးဆွဲတင်ပြရန်နှင့် တာဘေးရှိခြုံနွယ်များအား ဖယ်ရှားရှင်းလင်းသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အထက်စည်တီးအရှေ့ရွာ၌ ပဲခူးမြစ်ကမ်းထိန်းနံရံ သည် ယခင်နှစ်ကမိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုတို့ကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ အမြန်ဆုံးပြန်လည်ပြင်ဆင် နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အထက်စည်တီးအရှေ့ရွာ၊ အခြေခံ ပညာမူလတန်း(လွန်)ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ မိုးလေလုံခြုံစွာပညာသင်ကြားနိုင် ရေး ယာယီစာသင်ဆောင်တစ်ခု အမြန်ဆုံးတည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။