ပဲခူး ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရန်နှင့် အသား/ငါး/ဥ ဖူလုံပိုလျှံမှုများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အခြေခံအားဖြင့် မြို့နယ်အလိုက် စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေးအတွက် လစဉ်ဆောင်ရွက်သွားရမည့် စီမံချက်အပါအတိုင်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံစိုက်ရာသီဖြစ်၍ ချောင်းပိတ်/မြောင်းပိတ် လုပ်ငန်းများ အမြန်ဆုံးအပြီးသတ်ဆောင်ရွက်၍ သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ဇုံများအလိုက် စိုက်ပျိုးသွားရန်၊ မြို့နယ် အလိုက် Export အဆင့်မီ ပေါ်ဆန်းမွှေးစပါးမျိုးများ ဇုံအလိုက်သတ်မှတ်မျိုးစေ့ထုတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် ရိုဘက်စတာကော်ဖီအား သတ်မှတ်ဧကအတိုင်း ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့အား ဒေသတွင်း ဆီစက်များဖြင့် ကြိတ်ခွဲ၍ စားအုန်းဆီ၌ အစားထိုးသုံးစွဲနိုင်ရေး ရည်မှန်း ဆောင်ရွက်သွားရမှာ ဖြစ်သလို ဒေသတွင်းဆီစက်လုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးကိုလည်း ဖြည့်ဆည်းဆောင် ရွက်သွားရမှာဖြစ် ကြောင်းနှင့် စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေလွတ်မြေရိုင်းများတွင် သတ်မှတ်ချက်အတိုင်း စိုက်ပျိုးထားမှုရှိ/မရှိ စစ်ဆေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မိုးသီးနှံ စိုက်ပျိုးထွက်ရှိမှု၊ ဆောင်းသီးနှံစိုက်ပျိုး ဆောင်ရွက်နေမှု၊ ကော်ဖီစိုက်ပျိုးထားရှိမှု၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းဖြင့် ရွက်ဖြန်းမြေဩဇာပြုလုပ်၍ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း စိုက်ခင်းများအား မြို့နယ်အလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် လအလိုက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် စီမံချက်များအား ရှင်းလင်းအကြံပြု တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် ဆက်လက် ဆောင်ရွက်သွားရမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလိုအပ်ချက်များအား အသေးစိတ်လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website