ပဲခူး ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် MSME ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသလို ခရိုင်အလိုက်ဒေသထွက်ကုန် အရောင်းစင်တာများဖွင့်လှစ်၍ ဈေးကွက်ရှာဖွေ ခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ကျယ်ပြန့်စွာရရှိရေး မကြာမီ နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ဒေသထုတ်ကုန်များ၊ စားသုံးကုန်များ၊ လယ်ယာစက်ပစ္စည်းထုတ်ကုန် များကို အဆင့်အတန်းမီမီ ခင်းကျင်းပြသရောင်းချနိုင်ရေး အားလုံးကြိုးစားသွားကြစေလိုကြောင်း၊ ဒေသ တွင်းရှိ ရိုးရာလက်မှုလုပ်ငန်းများကို အဆင့်အတန်းမီမီ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်း များတပ်ဆင်ပေးရန် လိုအပ်သလို နည်းပညာပေးသင်တန်းများလည်းဖွင့်လှစ် ဆောင်ရွက်ပေးသွားရမှာဖြစ် ကြောင်း၊ဒေသထွက်ကုန်ကြမ်းပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စားသုံးကုန်များ၊ လူသုံးကုန်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် ရောင်းချနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမှာဖြစ်ကြောင်း၊ ဒေသအလိုက် သား/ငါး/ဥ ဖူလုံပိုလျှံအောင် စွမ်းဆောင်နိုင်ပါက ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းလာမှာဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်နှင့် မြို့ပြသန့်ရှင်း သာယာလှပ စေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝင်ရောက်ပြသသွားမည့် အစီအမံများကိုလည်းကောင်း၊တိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ကဏ္ဍအလိုက်ပါဝင်ပြသ ရောင်းချသွားမည့် ပစ္စည်းအမျိုး အမည်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် ပြည်တွင်းထုတ်ကုန်အဆင့်မှ ပြည်ပပို့ကုန်အဆင့်ထိ ရောက်ရှိစေရေးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website