ပဲခူး ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ သွားရောက်၍ တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်း အဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တတိယအကြိမ် ပဲခူးတိုင်းဒသကြီး လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပမည့် ပင်မအစည်းအဝေးခန်းမ၊ ရေးရာကော်မတီ ရုံးခန်းများ၊ Control Room ပြင်ဆင်ထားမှု၊ Mini Meeting Room နှင့် သင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမ အကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ် အိပ်ဆောင်များ၊ စာကြည့်တိုက်နှင့် စားရိပ်သာအဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ သီးခြားခွဲခြားထားရှိရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website