Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ကဝ အောက်တိုဘာ ၁၈
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သပြုစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း၌ ဒယ်အိုးအမျိုးမျိုး၊ စက်လှေပန်ကာအမျိုးမျိုး၊ ငရုတ်ဆုံနှင့် ဆိုင်ကယ်အပိုပစ္စည်း အမျိုးမျိုး သတ္တုအရည်ကျိုပုံလောင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ ၎င်းနောက် သပြုစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သတ္တုအရည်ကျိုပုံလောင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံတော်အဆင့်မှ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပြီး လုပ်ငန်းသုံးပါဝါမီတာရရှိရေး၊ စက်ရုံများအတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး၊ လိုအပ်ပါက ထရန်စဖော်မာတပ်ဆင်နိုင်ရေး၊ ဆိုလာစနစ်ဖြင့် ရေချိုတွင်းနက်တူး ဖော်ပေးနိုင်ရေး၊ ကုန်ကြမ်းများရရှိရေးနှင့် ကျေးရွာအနီး MSME လုပ်ငန်းများအတွက် သီးခြားမြေနေရာ သတ်မှတ်ပေးနိုင်ရေးတို့အား သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် သပြုစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူ များ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပျက်စီးနေသည့် စာသင်ဆောင် အဟောင်းများ ပြန်လည်ပြင်ဆင်ပေးနိုင်ရေး စစ်ဆေးခဲ့ကာ ကလေးကစားကွင်းတစ်ခု၊ အားကစားပစ္စည်းများနှင့် သီးခြားထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စဉ်ဆက်မပြတ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကဝမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ (၂၅)ကုတင်ဆံ့ (၂)ထပ်ဆေးရုံကြီး တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံခြံစည်းရိုးကာရံနိုင်ရေးနှင့် ဆေးရုံရှေ့ မြေဖို့၍ Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။