Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား သွားရောက် ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား သွားရောက် ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၁၁

          ပဲခူးမြစ်အတွင်း၌ မီသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်ကာလအလျောက် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင် ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းစသည်တို့က ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှု အားကောင်းရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်လေ့ရှိသော ဘေးအန္တရာယ်များကို ဆန်းစစ်ပြီး ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် ပြည်သူများက လည်း နိုးကြားတက်ကြွစွာ ပါဝင်ပူးဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးတပ်ခွဲမှ ပဲခူးမြစ်အတွင်း၌ စက်လှေများ စမ်းသပ်မောင်း နှင် သရုပ်ပြသခြင်း၊ ရေနစ်သူများနှင့် ရေမျောသူများအား ကယ်ဆယ်ရေးသရုပ်ပြသခြင်းတို့အား ဆောင်ရွက် ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ရေပြင်ရှာဖွေကယ်ဆယ်ရေးတပ်ခွဲနှင့် ပါဝင်ဆောင်ရွက်ကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေး ညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် တပ်ခွဲ ၁ ခွဲ အင်အား ၁၁၆ ဦး၊ မြို့နယ် ၂၈ မြို့နယ်၌ တစ်မြို့နယ်လျှင် တပ်စု ၁ စု အင်အား ၃၅ ဦးစီဖြင့် စုစုပေါင်း အင်အား ၁၀၉၆ ဦး အဆင်သင့်စုဖွဲ့ ထားရှိပြီး သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် အသိပညာပေးရေး လေ့ကျင့်ခြင်းများကို မြို့နယ်များအလိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။