ပြည် ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ပြည်မြို့၊ ဂန္ဓမာ စက်မှုဇုန်ရှိ ဦးဆန်းအောင်၏ ခေတ္တရာဆီစက်မှ ဒေသထွက်ပဲပုတ်များအား အသင့်စားသုံးနိုင်သည့် ဆီသန့် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပဲပုတ်ဖက်များမှ တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေါ်ရွှေစင်၏ “သီတာမြန်မာ” အမျိုးသမီးဝတ် အထည်အမျိုးမျိုး ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဦးမြတ်လမ်းရှိ လုပ်ငန်းရှင် ဦးလှိုင်မျိုးထွန်း၏ “အေဝမ်း” စပါးနှင့် ပဲအမျိုးမျိုးခြွေလှေ့စက် ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသေးစားနှင့် အလတ်စား တစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရန်အတွက် နည်းပညာနှင့်ချေးငွေရရှိရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများတို့သည် ပြည်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ရာ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာမြနန္ဒာလွင်က ပြည်နည်းပညာတက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ပညာသင်ကြား ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား/သူများ၏ ဘာသာရပ်အလိုက် လက်တွေ့စမ်းသပ်ထား ရှိသည့် Porject များအား ကြည့်ရှုအားပေးခဲ့ပြီး လက်တွေ့နယ်ပယ်တွင် အမှန်တကယ်အသုံးဝင်မည့် ခေတ်မီ စက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website