ပဲခူး စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေကြောင်းပိတ်ဆို့မှုမဖြစ်စေရေး ရေကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပုဏ္ဏားစုရပ်ကွက် ကျုံးရိုးချောင်း ရေကြောင်းရှင်းလင်းခြင်း၊ ကတွင်းခြံရိုးချောင်းချဲ့ခြင်းနှင့် ဥဿာ(၇)ရပ်ကွက်အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး စက်ယန္တရားများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website