Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ (၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားဥယျာဉ်၊ မိုးလုံလေလုံ အားကစားရုံ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ များက အသင်းလိုက်(၉)ဦးပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု၊  တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားနေမှုနှင့် အသင်းလိုက် (၃)ဦးပြိုင်ပွဲ ဗိုလ်လုပွဲများယှဉ်ပြိုင်ကစားနေမှု့တို့အား ကြည့်ရှု့ အားပေးခဲ့ကြသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော ပြည်ခရိုင်အသင်းအား ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ အသင်းလိုက်(၉)ဦး ပြိုင်ပွဲတွင် ပထမဆုရရှိသော နတ်တလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ်ခုနစ်သိန်းနှင့် ပထမဆုဖလားတို့ကို ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က ချီးမြှင့်ပေးအပ်သည်။

          ယင်းနောက် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယဆုရရှိကြသူများ၊ အသင်းလိုက်(၃)ဦး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများနှင့် အသင်းလိုက်(၉)ဦးပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိသော အသင်းများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးတို့နှင့် ပဲခူးတိုင်း ဒေသကြီး အမျိုးသမီးအားကစားအဖွဲ့၏ ဆပ်ကော်မတီအဖွဲ့ဝင်များက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု များနှင့် ဒိုင်အဖွဲ့များအား သီးခြားချီးမြှင့်ငွေများ အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။