Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇီးကုန်းမြို့နယ် မြောက်လုပ်ကုန်းကျေးရွာတွင် ဆောင်ရွက်နေ့သည့် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြခြံ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇီးကုန်းမြို့နယ် မြောက်လုပ်ကုန်းကျေးရွာတွင် ဆောင်ရွက်နေ့သည့် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြခြံ ကွင်းဆင်းကြည့်ရှု

ဇန်နဝါရီ ၉ (ဇီးကုန်း)
—————————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လုပ်ကုန်းကျေးရွာတွင် ဆောင်ရွက်နေသည့် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြခြံအား ကွင်းဆင်းကြည့်ရှုကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးတို့က နေဗီယာမြက် စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က နေဗီယာမြက် စိုက်ခင်းအတွင်း ပေါင်း၊ မြက်များမရှိစေရေးအတွက် အခြားစားသုံးသီးနှံပင်များ စိုက်ပျိုးထားရှိရန်နှင့် ပတ်ဝန်းကျင်ကျေးရွာအသီးသီးမှ ပြည်သူများ လာရောက်လေ့လာကြည့်ရှုနိုင်အောင် စံပြကွက်ဖြစ်စေရန် ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး နေဗီယာမြက်စိုက်ပျိုးထားရှိမှုကြည့်ရှုကာ အမှတ်တရအထိမ်းအမှတ်အဖြစ် သပြေဘူတအရိပ်ရပန်းမန်ပင်အား စိုက်ပျိုးပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) နယ်မြို့နယ်တွင် နေဗီယာမြက်စိုက်ခင်းများအား နွေရာသီအစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်၊ အာဟာရပြည့်ဝသော အဆင့်မြင့်စားကျက်များ စိုက်ပျိုးနိုင်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန်နှင့် တိရစ္ဆာန်များ အဟာရပြည့်ဝစွာ ရရှိစေရန်နှင့် ထုတ်လုပ်မှုမြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်(၁)မြို့နယ်လျှင်(၁)ဧကနှုန်း နေဗီယာမြက်စိုက်ခင်း အကောင်အထည် ဖော်စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၉၈.၂)သိန်း ခွင့်ပြုထုတ်ပေးထားရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများက ကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုပြီး ဇီးကုန်းမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံသို့သွားရောက်ကာ မြို့နယ်COVID-19‌
ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်နိုင်ဦးထံ COVID-19 ရောဂါ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။