Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ဇန်နဝါရီ ၁၁ (ဒိုက်ဦး)
————————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်လတ်တို့နှင့်အတူ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းအောင်က ဆေးရုံကြီးတွင် COVID-19ရောဂါ လူနာများ တက်ရောက်ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ကုသရေးအပိုင်း၊ လူနာများထားရှိမှုအပိုင်းများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPEဝတ်စုံများ၊ လက်သန့်ဆေးရည်ဗူးများ၊ နှာခေါင်းစည်းများကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းအောင်ထံသို့လည်းကောင်း၊ မြို့နယ်‌COVD ကော်မတီအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြို့နယ်‌COVD ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူ‌အောင် ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ တင်ပြချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကန်ကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး တင်ပြတောင်းဆိုချက်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။