Home / ပြည်မြို့နယ် / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ရွှေဆံတော်ဘုရား ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်ရန် အလှူငွေပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ရွှေဆံတော်ဘုရား ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်ရန် အလှူငွေပေးအပ်လှူဒါန်း

နိုဝင်ဘာ ၁၄ (ပဲခူး)
====================================

နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့်အတူ ပြည်မြို့၊ ရွှေဆံတော်ဘုရားသို့ သွားရောက်ဖူးမျှော်ပြီး ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ဘက်စုံပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။
ဝန်ကြီးချုပ်မှ ရွှေဆံတော်ဘုရား ရင်ပြင်တော်ရှိ အာရုံခံတန်ဆောင်းများ ရှေးမှုမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန် ဂေါပကအဖွဲ့အား မှာကြားခဲ့ကြောင်း သိရသည်။