Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိးဆွေဝင်း ကြည့်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိးဆွေဝင်း ကြည့်ရှု့အားပေး

ပဲခူး မေလ ၂၈

===========

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေလ(၂၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာပရိသတ်များ ကြည့်ရှု့အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်ဘောလုံးအသင်းနှင့် ညောင်ပင်ခရိုင်ဘောလုံးအသင်းတို့ ဖွင့်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့သည်။ ၎င်းနောက် ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု ရရှိသူ တောင်ငူခရိုင်အသင်းမှ ကျောနံပါတ်(၁၀) ရဲသူရကျော်အား လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

       ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ(၂၇) ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး  မေလ(၂၈)ရက်နေ့တွင် ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင် အသင်း၊ မေလ(၂၉)ရက်နေ့တွင် နတ်တလင်းခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်း၊ မေလ(၃၀)ရက်နေ့ တွင် သာယာဝတီခရိုင်အသင်းနှင့် ပဲခူးခရိုင်အသင်း၊ မေလ(၃၁)ရက်နေ့တွင် နတ်တလင်း ခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်း၊ ဇွန်လ(၁)ရက်နေ့တွင် သာယာဝတီခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ အုပ်စုပတ်လည် ပွဲစဉ်အဖြစ်လည်းကောင်း၊ အကြိုဗိုလ်လုပွဲအဖြစ် ဇွန်လ(၃)ရက်နေ့နှင့် ဇွန်လ(၄)ရက်နေ့တွင် လည်းကောင်း၊ တတိယနေရာလုပွဲအား ဇွန်လ(၆)ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အား ဇွန်(၇)ရက်နေ့တွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဒေသတွင်း ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ဦးတည်ချက် အား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ မြန်မာ့ဘောလုံးအားကစားကျယ်ပြန့်စွာ တိုးတက်မြင့်မားပြီး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။