ပဲခူး ဩဂုတ် ၁၈
====================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၁၈) ရက်နေ့ နံနက်ပိုင်းက ပဲခူမြို့နယ် မိုးယွန်းကြီးအင်း ငါမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်း(ဘေးမဲ့တော) အတွင်းသို့ ဒေသငါးမျိုးများဖြစ်သော ၂လက်မအရွယ်ရှိ ငါးခေါင်းပွငါးကောင်ရေ(၇၀၀၀၀) ငါးခုံးမငါး ကောင်ရေ(၈၀၀၀၀)၊ ငါးဖယ်အောင်း ငါးကောင်ရေ(၅၀၀၀၀) ငါးသိုင်းခေါင်းပွ ငါးကောင်ရေ(၅၀၀၀၀) စုစုပေါင်း ကောင်ရေ(၂၅၀၀၀၀) မျိုးစိုက်ထည့်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မိုးယွန်းကြီးအင်း ရှင်းလင်းဆောင်၌ မိုးယွင်းကြီး၏ ဒေသဆိုင်ရာအချက်အလက်များအား စခန်းတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ရာ မိုးယွန်းကြီးအင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှု၊ ကျူးကျော် စိုက်ပျိုးမှုမရှိစေရေး၊ တရားမဝင် မြေပြုပြင် ဆောင်ရွက်မှုမရှိစေရေး၊ ရှော့တိုက်ငါးဖမ်းခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website




