Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၂

=====================================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်း အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရေး ရုံးလုပ်ငန်းများဆောင်ရွက်ပေးနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအတွက် အလွန်အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ မိမိတို့၏ ဌာနရည်မှန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကောင်းမွန်ခဲ့သော သမိုင်းဂုဏ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေရေး ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်သွားလာကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဆန်(၁၈)အိတ်၊ ဆီ(၂၁၅)ဗူး၊ ကုလားပဲ(၃)အိတ်၊ ဆား(၃)အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စား ပဲခူးတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။