Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၉

====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နေ့စဉ် COVID-19 ရောဂါပိုးတွေ့ရှိမှုသည် ကူးစက်ပြန့်ပွားမှု အလွန်မြန်သော မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ် ပိုးဖြစ်၍ ကြိုတင်ကာကွယ်ရေးသာလျှင် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား အခန်းများကန့်ထားသည့် Facility Quarantine သို့ တိုက်ရိုက် ထားရှိရန်၊ လူအချင်းချင်း ကူးစက်သည့် ရောဂါပိုးဖြစ်၍ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ကျောင်းများ၊ ATM စက်ရှိရာနေရာများ၊ စက်ရုံ/အလုပ်ရုံများ၊ တရားရုံးများ၊ အကျဉ်းထောင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စစ်ဆေးဆောင်ရွက် ရန်၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးသော်လည်း COVID-19 ရောဂါ ကူးစက်မှုများပြန်လည်တွေ့ရှိ နေရသဖြင့် ပေါ့ဆ၍မရကြောင်း၊ Load Down ချထားသည့် နေရာများမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်(၅)မျိုးအား ချက်ခြင်းထောက်ပံ့ပေးရန်၊ စေတနာ့ဝန်ထမ်းများ၏ အရေးပေါ် ယာဉ်များအတွက် လိုအပ်သော စက်သုံးဆီများ ထောက်ပံ့ပေးရန်၊ COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများ မြို့နယ်အလိုက် အမြန်ဖြန့်ဖြူးပေးရန်နှင့် COVID-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများအတွက် သုံးစွဲသည့် ထောက်ပံ့ငွေများအား စာရင်းစစ်ခံ ယူနိုင်ရေး စနစ်တကျ ပြုစုထားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များ၊ ပိုးတွေ့လူနာ သယ်ယူ ခြင်းနှင့် ထိတွေ့လူနာ ထားရှိနိုင်ရေး Facility Quarantine များ၏ ပြင်ဆင်ရန်လိုအပ်ချက်များ ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက COVID-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများအပေါ် အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်ချက်များ တင်ပြခဲ့ကြ ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။