Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် စာသင်ကျောင်းအချို့ ခေတ္တပိတ်ထား

ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် စာသင်ကျောင်းအချို့ ခေတ္တပိတ်ထား

စက်တင်ဘာ ၁၄ (ပဲခူး)

===============

ပဲခူးမြစ်ရေသည် စိုးရိမ်အမှတ်ကျော်လွန်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့သို့ မြစ်ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့ရာ အခြေခံပညာကျောင်းအချို့ ယာယီခေတ္တပိတ်ထားရကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေခြင်းကြောင့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပဲခူးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်း (၂၄)ကျောင်းပိတ်ထားရပြီး အဆိုပါ ပိတ်ထားခဲ့ရသည့်ကျောင်း (၂၄)ကျောင်းတွင် သင်ကြားပေးသည့် ဆရာ/မ(၂၇၇)ဦး KGတန်းမှ G11တန်းအထိ ကျောင်းသား/သူ (၇၂၁၃)ဦးရှိကြောင်း သိရသည်။
ပိတ်ထားသည့် ကျောင်းများမှာ မူလွန်-မဇင်း(ခ)၊ မူလွန်-ဥဿာ(၆)၊ အလက(ခွဲ)မဲခုံ၊ မူလွန်-အုတ်ဖိုကျုံးရိုး၊ မူလွန်-လက်ပံခုန်၊ မူလွန်-ကျုံပကန်၊ မူလွန်-ကျောက်ကြီးစု၊ အလက(ခွဲ)ကွေ့တန်းရှည်၊ အထက(၄)၊ အလက(ခွဲ)ကျိုက်ဒေးယုံ၊ အထက(ခွဲ)၅၊ အထက(ခွဲ၈၊ အလက(ခွဲ)အောက်စီတီး(အရှေ့)၊ မူလွန်-ကျိုက်ကေ၊ မူလွန်-မြို့လေး၊ မူလွန်-မုန်တိုင်းရပ်၊ အလက(ခွဲ)အောက်စီတီး(အနောက်)၊ မူလွန်-အထက်စီတီး(အရှေ့)၊ မူလွန်-အထက်စီတီး(အနောက်)၊ မူလွန်-သရက်သုံးပင်၊ မူလွန်-မြို့သစ်(ဂ)၊ အလက(ခွဲ)အဝိုင်း၊ မုလွန်-ဇိုင်းဂနိုင်းကြီးနှင့် အလက(ခွဲ)ရွာသစ်တို့ဖြစ်ကြောင်း သတင်းရရှိသည်။