Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ်

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈

          ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ နှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှု့ အားပေးခဲ့သည်။

      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူး ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်၊ မြို့မိမြို့ဖများနှင့်အတူ နှလုံးနှင့်သွေးကြောရောဂါ လာရောက်ပြသကြ သည့် လူနာများအား လိုက်လံကြည့်ရှု့ကြပြီး အားပေးစကားများပြောကြားကာ ဆေးဝါးပြည့်စုံလုံလောက် စွာ ပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံပြသလာကြသည့် နှလုံးရောဂါလူနာ (၁၀၀၀) ဦးကျော်အား နေ့လည်စာ ကျွေးမွေးခဲ့ကြသည်။

          အဆိုပါ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြော ရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၈)မြို့နယ်မှ နှလုံးရောဂါလူနာပေါင်း(၁၀၀၀)ကျော်အား တပ်မတော်စစ်ဆေးရုံမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ပါမောက္ခ ဒေါက်တာနွယ်နွယ် ဦးဆောင်ပြီး နှလုံးရောဂါအထူးကုဆရာဝန်ကြီး(၃၃)ဦးက လာရောက်စမ်းသပ်ကုသ ပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံးသို့ ရောက်ရှိခဲ့ပြီး ရွှေမော်ဓောစေတီမြတ်ကြီး ကိုယ်လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ စေတီတော်မြတ်ကြီး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်မှုမရှိစေရေး စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော်အတွင်း၌ ကြံ့ခိုင်ရေးပြန်လည် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၏ ကောင်းမှုဖြင့် နေပူခံ စကျင်ပြားကပ်လှူခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ရင်ပြင်တော် ပေါ်ရှိ ဓမ္မာရုံများပြန်လည်ပြင်ဆင်နေမှုနှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားဝန်း၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအား သွာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။