ပဲခူး မေ ၅

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၅)ရက်နေ့၊ နံနက်ပိုင်းက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသား မိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အသွယ်သွယ်များကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာဖြင့် ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ နှစ်(၈၀)ပြည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း၊ မြို့ပြရဲ့ လူမှုစီးပွားတိုးတက်မှု များ၊ စက်မှုလုပ်ငန်းတိုးတက်များပြားလာခြင်းနှင့်အတူ မီးဘေးအန္တရာယ်သည်လည်း တစ်ပါတည်းဖြစ် ပေါ်လာတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းတာဝန်သည် အချိန်နှင့်တစ်ပြေးညီ အရေးပေါ် တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အသင့်ပြင်ဆင် စုဖွဲ့ လေ့ကျင့်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုစတဲ့ လုပ်ငန်းဆိုင်ရာတွေကို မဟာ ဗျူဟာကျကျ ဆောင်ရွက်တတ်စေဖို့လိုမှာဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် များနှင့် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များမှာလည်း ကူညီကယ်ဆယ် ဆောင်ရွက်ရတာဖြစ်၍ “မြန် ၃ မြန်”၊ သင့် ၄ သင့်” ဆောင်ပုဒ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယနေ့ကာလ၏ နည်းပညာတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီး ရှိ မီးသတ်တပ်ဖွဲ့များရဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများမှာလည်း AI နည်းပညာအသုံးချမှုကို တိုးမြှင့်ဆောင်ရွက်နေကြသလို မိမိတို့မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့်လည်း နည်းပညာတိုးတက်လာမှုကို မျက်ခြည်မပြတ် စောင့်ကြည့်၍ တစ်ဦးချင်း စွမ်းရည်မြှင့် တင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားများ၏ မီးဘးလုံခြုံ ရေး ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဖြင့် အလုပ်အကျွေးပြုရာမှာ စိတ်ရင်းစေတနာအပြည်နဲ့ ထိထိ ရောက်ရောက် လိုအပ်ချက်မရှိ အစွမ်းကုန်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ(၂)ဦး၊ တိုင်းဒေသကြီးအဆင့် စံပြမီးသတ်စခန်းဆုနှင့် ဗဟိုအဆင့် အမြန်လမ်း စံပြမီးသတ်စခန်းဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ ဆုရရှိသူများ၊ သင်တန်းသားစံပြဆု ရရှိသူများ၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူများနှင့် လုပ်သက်(၂၅)နှစ်နှင့်အထက် အရန်မီးသတ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ပြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website