Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူငွေလှူဒါန်း

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူငွေလှူဒါန်း

အောက်တိုဘာ ၂၃ (ပဲခူး)
—————————-

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်နှင့် အရံစေတီများ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွပေးအပ်လှူဒါန်းကြောင်း သိရသည်။
လှူဒါန်းမှုပြုလုပ်ရာတွင် ကွယ်လွန်သူမိဘများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့အား ရည်စူး၍ သမီးဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)နှင့် သားများမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ကွယ်လွန်သူ (ဦးစိုး+ဒေါ်သန်းကျင်)၊ (ဦးမြင့်ခိုင်၊ ဒေါလှအိ)တို့အားရည်စူး၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော် သားမောင်စက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ နှစ်ဘက်မိဘများအားရည်စူး၍ ဦးမြသောင်းနှင့်ဇနီးဒေါ်ကြည်ဌေး မိသားစု ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးမြင့်ခိုင်(ဦးစီးအရာရှိ)ဇနီးဒေါ်စန္ဒာမိုး မိသားစုမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးဖြိုးဝင်းသန်း(ဦးစီးအရာရှိ)ဇနီး ဒေါ်မေရတနာစိုးထက် မိသားစုတို့က အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ‌ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ နာယကဦးအုန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် အရံ‌စေတီတာဝန်ခံဂေါပက ဦးတင်အောင်မြင့်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။