Home / ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ရည်မှန်းချက်

(၁)     မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေဖော်ထုတ်၍ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ၊ ရေရှည်တည်တံ့အောင် မွမ်းမံ ထိန်းသိမ်းရန်

(၂)     မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို မြတ်နိုးတန်ဖိုးထား၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ရှေးဟောင်းသုတေသန ပညာရပ်များ ကျယ်ပြန့်စွာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်

(၃)     ပြတိုက်နှင့် စာကြည့်တိုက်များကို မြန်မာ့အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနများ   အဖြစ်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အသိပညာဗဟုသုတများ အမွေအနှစ်များ  ၏ သတင်းအချက်အလက်ဗဟိုဌာနအဖြစ်လည်းကောင်း၊

ရည်ရွယ်ချက်

        နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေးဦးတည်ချက်များဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ၊ အမျိုးသားရေးလက္ခဏာ  များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက် ရေးတို့ကို ရည်ရွယ်ချက်များအဖြစ် သတ်မှတ်ဆောင်ရွက်လျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအ  တွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းနေရာများကို ကွင်းဆင်းသုတေ  သနပြု ဖော်ထုတ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

        ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲသည် အောက်ပါ   လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျှက်ရှိပါသည်-

(က)   ကွင်းဆင်းသုတေသနပြုလုပ်ငန်း

(ခ)    တူးဖော်သုတေသနပြုလုပ်ငန်း

(ဂ)    ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း

(ဃ)   ပြတိုက်ပြသရေးလုပ်ငန်း

(င)    ဝင်ကြေးကောက်ခံရေးလုပ်ငန်း

(စ)    စိမ်းလန်းစိုပြေရေးလုပ်ငန်းတို့ ဖြစ်ပါသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ဆောင်ရွက်လျှက် ရှိသော  လုပ်ငန်းဆောင်ရွက်ချက်များ

နိဒါန်း

၁။      ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး“နိုင်ငံ့ဂုဏ်ပြုယဉ်ကျေးမှု” ဟူသော ဦးတည်ချက်များဖြင့် ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်လျှက်ရှိခြင်း၊ ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြန်မာ့ ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်များအား ရှာဖွေ၊ဖော်ထုတ်၊ထိန်းသိမ်း၊ကာကွယ်စောင့်ရှောက် တိုးတက်ပြန့်ပွားအောင် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ချမှတ်ကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

ဖွဲ့စည်းပုံ/ဝန်ထမ်းအင်အား

၂။      အစီရင်ခံသည့်ကာလအတွင်း ပဲခူးဌာနခွဲတွင် ခွင့်ပြုဖွဲ့စည်းပုံအင်အားအနေဖြင့် အရာထမ်း(၅)ဦး၊ အမှုထမ်း(၂၄)ဦးဖြစ်ပြီး ခန့်ပြီးအင်အားအနေဖြင့် ညွှန်ကြားရေးမှူး(၁)ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ ဦးစီးအရာရှိ(၂)ဦး၊ အမှု့ထမ်း (၁၉)ဦး စုစုပေါင်း(၂၄)ဦး ဖြစ်ပါသည်။

လုပ်ငန်းများ

၃။      ပဲခူးဌာနခွဲအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း တင်ပြအပ် ပါသည်-

(က)  သုတေသနလုပ်ငန်း

ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစုတွင် သရေခေတ္တ ရာမြို့ဟောင်း၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် အတွက် ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ပဲခူးဌာနခွဲမှ အမှုထမ်း(၂)ဦး သွားရောက်တွဲဖက်တာဝန်  ထမ်းဆောင်လျှက် ရှိပါသည်။

 

(ခ)   ကွင်းဆင်းသုတေသနလုပ်ငန်း

ပဲခူးဌာနခွဲမှ အရာထမ်း၊အမှုထမ်းများသည် ပဲခူးမြို့ ဟံသာဝတီကျုံးနှင့် မြို့ရိုးများ၊ ရှေးဟောင်းမြေနေရာများတွင် ကျူးကျော်များ  ထပ်မံမကျူးကျော်ရန် အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အခါအားလျော်စွာ ရှေးဟောင်း ပစ္စည်းများ တွေ့ရှိမှုအား ကွင်းဆင်းသုတေသနပြုဆောင်ရွက်ခြင်း။ ရှေးမြို့ဟောင်း များအား ကွင်းဆင်းသုတေသနပြုခြင်းတို့ ဆောင်ရွက်လျှက်ရှိပါသည်။

(ဂ)   ရှေးဟောင်းပစ္စည်းများစုဆောင်ရရှိမှု       

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ကျောက်ကြီးမြို့နယ် တောင်ငူတန်း ရပ်ကွက်တွင် နေထိုင်သူ ဦးရန်အောင် (အဘ)ဦးအောင်ရွှေ (၇/ကကန(နိုင်)၀၉၁ ၀၁၁) တောင်ယာလုပ်သူမှ တောင်ယာလုပ်ကိုင်ရင်း တွေ့ရှိခဲ့သည့် ရှေးဟောင်းဒင်္ဂါးနှင့် ပစ္စည်း အချို့အား တောင်ပိုင်းတိုင်းစစ်ဌာဌနချုပ်၊ အမှတ်(၁၀)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းရှိ(ကြည်း)၃၉၄၉၀ ဗိုလ်ကြီးထိန်လင်းထံသို့ ၁၆-၆-၂၀၁၆ ရက်နေ့ တွင် လာရောက်အပ်နှံခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ဆွေမှ ၃၀-၆-၂၀၁၆ ရက်နေ့တွင် အဆိုပါရှေးဟောင်းပစ္စည်း များအား သွားရောက်လွှဲပြောင်း လက်ခံခဲ့ပါသည်။

(ဃ)  ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း

(၁)   ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း

ကမ္ဘောဇသာဒီနန်းတော်အတွင်းရှိ တူးဖော်မှုကုန်းများ၊ အုတ်ရိုးများ မပျက်စီးစေရေးအတွက် အုတ်ရိုးများတွင် ပေါက်ရောက်နေသော အပင်များ အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျောက်စာရုံများအတွင်းအပြင်နှင့် ကျောက်စာ ချပ်များအား သန့်ရှင်းရေးပြုလုပ်  ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ နန်းဆောင်အမိုးများပေါ်တွင် ပေါက်ရောက်နေသော အပင်များအား တက်ရောက်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကမ္ဘောဇသာဒီနန်းတော် အထွေထွေ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပါ သည်။

(၂)    သိပ္ပံနည်းကျ မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း(ဓါတုဗေဒနည်း)

ကျွန်းလုံးတိုင်များ ခြမတက်စေရန်အတွက် ခြသတ်ဆေးများ ထည့်ခြင်း ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

(၃)   ဥပဒေအရ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်း

ပဲခူးဌာနခွဲအနေဖြင့် ရှေးဟောင်းကျုံးနှင့်မြို့ရိုးတို့တွင် ယခင်ကတည်းက ကျူးကျော်ဝင်ရောက်နေထိုင်သူများအား ဖယ်ရှားနိုင်ရေးနှင့် ထပ်မံကျူးကျော် ခြင်းမရှိစေရေးအတွက် ဒေသအာဏာပိုင်အဖွဲ့များနှင့်  ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

(င)   ပြတိုက်ပြသခြင်းလုပ်ငန်း

ပဲခူးဌာနခွဲရှိ ရှေးဟောင်းသုတေသနပြတိုက်အား အများပြည်သူ လေ့လာ နိုင်ရန်အတွက် စနစ်တကျ ခင်းကျင်းပြသထားရှိပြီး၊ ပစ္စည်းတစ်ခုချင်းအလိုက် ပစ္စည်းအမျိုးအမည်၊ ရရှိဒေသ၊ ရရှိသည့်ခုနှစ်၊ အသုံးဝင်ပုံ၊ တွေ့ရှိသူ စသည်ဖြင့်  ဖော်ပြထားပါသည်။ ကျွန်းလုံးတိုင်ပြတိုက်ကိုလည်း အများ ပြည်သူစိတ်ဝင်စားဖွယ် ကြည့်ရှု့နိုင်ရန်အတွက် စနစ်တကျ ခင်းကျင်းပြသ ထားပြီး မြေနန်းပြာသာဒ် ဆောင်ပေါ်တွင်လည်း အများပြည်သူ ကြည့်ရှု့ လေ့လာမှုလွယ်ကူစေရန်အတွက်  တူးဖော်ရရှိသည့် ကျွန်းတိုင်၊ ကျွန်းပြားများ အနက်မှ ထူးခြားသည့် စာပါကျွန်းတိုင်များနှင့် နန်းတော်ပုံစံပါ အောက်ခံ ကျွန်းပြားများကို ပြသထားရှိပါသည်။ ထို့အပြင် မင်း(၃)ပါးနှင့် နန်းတော် ပုံစံများ၊ ပြခန်းပြကွက်များကို ဗီနိုင်းများပြုလုပ်၍ ပြသထားရှိပါသည်။

(စ)   စာကြည့်တိုက်လုပ်ငန်း

ပဲခူးဌာနခွဲအနေဖြင့် ဌာနနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်းများကို လေ့လာနိုင်စေရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲ တိုးတက်မှုများအား သိရှိစေရန်အတွက် လည်းကောင်း၊ သတင်းစာများ၊ ဂျာနယ်များ ဝယ်ယူစုဆောင်းခြင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန မှထုတ်ဝေသည့် စာအုပ်များအား လေ့လာဖတ်ရှု့နိုင်ရန်အတွက် စနစ်တကျ ငှားရမ်းပေးလျှက် ရှိပါသည်။

(ဆ)  သုတေသနနှင့် လေ့ကျင့်ပညာပေးမှုလုပ်ငန်း

ရှေးဟောင်းသုတေသန     နည်းပညာသင်တန်းကျောင်း၊ ပြည်မြို့၌ ဖွင့်လှစ်သည့် ဘွဲ့လွန်အသုံးချ ဒီပလိုမာသင်တန်း၊ ကျောက်စာသင်တန်းများ၊ ပြတိုက်ဆိုင်ရာသင်တန်းတို့ကို ဌာနဝန်ထမ်းများအား အခါအားလျော်စွာ တက်ရောက် သင်ကြားစေလျှက်ရှိပါသည်။

        (ဇ)   ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပညာပေးဟောပြောမှု့

ပဲခူးဌာနခွဲအနေနှင့် ဒေသအာဏာပိုင်(ရပ်/ကျေး)အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက် မပျက်စီး ရလေအောင် ကျူးကျော်ဝင်ရောက်သည့် ပြည်သူလူထုအား အသိပညာပေး ဆွေးနွေးပြောကြားမှုများ ဆောင်ရွက်လျှက်ရှိပါသည်။

(စျ)   လေ့လာရေး

ကမ္ဘောဇသာဒီနန်းတော်ကြီးအတွင်းသို့ ပြည်တွင်း/ပြည်ပမှ လေ့လာရေး ဧည့်သည်များ၊ သင်တန်းအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများ လာရောက် လေ့လာကြပါသည်။

        (ည)  ဝင်ကြေးကောက်ခံခြင်းလုပ်ငန်း     

ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးကောက်ခံခြင်းလုပ်ငန်းကို ၁-၄-၂၀၁၅ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါသည်။ ယခုအခါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇုန်ဝင်ကြေးကောက်ခံခြင်းလုပ်ငန်း ကိုတင်ဒါစနစ်ဖြင့် ဆောင်ရွက်ပြီး တင်ဒါအောင်မြင်သူမှ နိုင်ငံခြားသား(၁)ဦး လျှင် ကျပ်(၁၀၀၀ဝိ/-)နှုန်းဖြင့် ကောက်ခံလျှက်ရှိပါသည်။

၁-၆-၂၀၁၃ ရက်နေ့မှစ၍ ကမ္ဘောဇသာဒီနန်းတော်၏စီမံခန့်ခွဲမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်၍ ကမ္ဘေဇသာဒီ နန်းတော်နှင့်ပြတိုက်ဝင်ကြေး၊ လူကြီး (၁)ဦးလျှင် ၂၀ဝိ/-ကျပ်၊ ကလေး(၁)ဦး လျှင် ၁၀ဝိ/-ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိပါသည်။

        (ဋ)   စိမ်းလန်းစိုပြေရေးလုပ်ငန်း

စိမ်းလန်းစိုပြေရေးလုပ်ငန်းအနေဖြင့် ကမ္ဘောဇသာဒီနန်းတော်ဝင်း အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိ  ပါသည်။