Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 39)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်တပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်း ဖွင့်ပွဲကျင်းပ

ရေတာရှည် မေ ၁၄           ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်တပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်တပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ကြသည်။ ရှေးဦးစွာ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။  ၎င်းနောက် ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့အား သင်တန်းသားများက အလံကိုင်ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ အလေးပြုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် နယ်မြေခံသင်တန်းကျောင်းခန်းမ၌  ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသား (၂၄၁)ဦးတို့နှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ၎င်းနောက် …

Read More »

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ် ပွဲနှင့် စံပြဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၃ ==================           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ မေလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး လုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် စံပြဆုများ ချီးမြှင့်ခြင်းအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက် ရသည့် လုပ်ငန်းစီမံကိန်းများရှိသလို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းစီမံကိန်းများလည်းရှှိရာ တက်ရောက်လာသည့် ခရိုင်(၆)ခု အတွင်းမှ ကျေးလက်နေပြည်သူ များအနေဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမည့် စီမံကိန်းရန်ပုံငွေများ အား သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ စနစ်တကျသုံးစွဲဆောင်ရွက်ရန်လိုအပ်ပြီး စီမံကိန်းရန်ပုံငွေများဖြင့် မိမိတို့ဒေသအား ယခု ထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးပူးပေါင်းပါဝင် …

Read More »

၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၃ =============           ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိ မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်းတို့ဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြစို့” …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေး စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၂ =========== မေလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော် မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားအား  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယမဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများအား ဆရာတော် များထံ …

Read More »

၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်”သီချင်းဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။           ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုး၍ ရင်ဆိုင်ရမည့် အခက်အခဲများအား ဖြေရှင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုများ၊ စည်းလုံးချစ်ကြည်မှုများ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုများရှိလာ စေရေး လူငယ်ကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ 4 …

Read More »

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၉ =========== ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ(၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်နိုင်ရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်နှင့် မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်ဖြင့် ထူးချွန်ထက်မြက်သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကလည်း စည်းကမ်းတကျ စနစ်တကျရှိစွာဖြင့် မိမိမြို့နယ်ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရေး ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် …

Read More »

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့

ပဲခူး မေ ၈ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး သွေးလှူဒါန်း သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဆေးရုံတက်လူနာစောင့်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လူနာစောင့်များအတွက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နေ့လည်စာထမင်းဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။

Read More »

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး မေ ၈ ==============           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပဲခူးတိုင်း​ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်​ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား /သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဝင်ရောက်ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်း “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ …

Read More »

ပဲခူး​မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ပဲခူး မေ ၇ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်မောင်မယ်တို့ကို မှန်ကန်တဲ့အသိပညာများ ရရှိစေရေးအတွက် ယနေ့လူငယ်စကား ဝိုင်းကို ကျင်းပပေးတာဖြစ်လို့ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်မောင်မယ်များ အနေဖြင့် ဗလငါးတန်နဲ့ပတ်သက်လို့ ပိုမိုသိရှိနားလည်ပြီး မှန်ကန်တဲ့အသိပညာများ ရရှိဖို့အတွက် ဆောင်ရွက်ပေးရန်လို အပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့အခါမှာ ရဲရင့်ယုံကြည်စွာ ဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ နိုင်ငံတော်က အားထားရတဲ့ သားကောင်းသမီးမွန်များ ဖြစ်လာကြစေဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအနေဖြင့် လူငယ်အများ စိတ်ဝင်စားသည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ရှေးဦးပြုစုခြင်းသင်တန်း၊ ကင်းထောက်သင်တန်း၊ …

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့

ပဲခူး မေ ၆           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် စတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ကာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာ့လုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း(၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည့် အပြင် မွေးကင်းစမှ (၁)နှစ်ခွဲအထိလည်းကောင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအားလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းမကလေးများအားလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် …

Read More »