ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများ နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးပညာရေးမှူးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၄)၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက “အာစရိယဂုဏော အနန္တော” သီချင်းနှင့် “တို့ဆရာ” သီချင်း တို့အား သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နည်းပညာတက္ကသိုလ်(တောင်ငူ)သို့ ရောက်ရှိခဲ့ကာ တာဝန်ခံဆရာမကြီးက နည်းပညာတက္ကသိုလ်(တောင်ငူ)ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နည်းပညာတက္ကသိုလ်(တောင်ငူ)ရှိ စာကြည့်တိုက်သို့ သွားရောက်ခဲ့ကာ သုတရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စာတွေ့လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ(၂၀၀၀၀) မွေးမြူထားရှိမှုအား …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၈)မြို့နယ်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ဂျပန်လမ်း ဘေး ဝဲယာ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ အများနှင့်သက်ဆိုင်သော ပန်းခြံများ၊ လမ်းများနှင့် သောက်သုံးရေကန်များတို့တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ (၂)ရပ်ကွက်ရှိ ဦးရဲလင်း၏ အေးမေတ္တာဆန်စက်နှင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးတွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်ရှိ ဦးဇော်မင်းထက်၏ သဇင်ဝါမုန့်လုပ်ငန်းသို့ သွားရောက်၍ အလုပ်ရုံအတွင်း စက်များပြင်ဆင်စမ်းသပ် လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့အတွင်း ကေတုမတီရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း မြောက်ဘက်ကျုံး ပြင်ဆင်နေမှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ထားပြီးဖြစ်သည့် မြို့ရိုးပေါ်တွင် သစ်ပင်ခြုံနွယ်များ ပြန်လည် ရှင်းလင်းရန်၊ ကျုံးအတွင်း ရေဝင်/ရေထွက်ပေါက်များ ထည့်သွင်းရန်၊ လမ်းဘေးဝဲယာ သစ်ပင်များ စိုက်ပျိုးရန်နှင့် နွံကျုံးများပြန်လည်ဖော်ထုတ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ရှေးဟောင်း ဘုတ်တလုပ်ရေကန် ဖော်ထုတ်ထားရှိမှုနှင့် စင်တံခါးပေါက်အနီး ကေတုမတီ ရှေးဟောင်းကျုံး တိမ်ကောနေမှုအား စက်ယန္တရားများဖြင့် ပြန်လည်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သက်ကြီးပုဂ္ဂိုလ်များ၏အရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သော မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းကြစေလို ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှ(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အသက်(၁၁၈) နှစ်ရှိ အဖွား ဒေါ်ဖာတမာနှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ထံမှ ပေးပို့သည့် (၆၂)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲသီချင်းနှင့် ဇာတိမာန်”သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ရရှိသည့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှှူး ရဲမှူးကြီး တင်မျိုးထူး၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေကြောင်းပိတ်ဆို့မှုမဖြစ်စေရေး ရေကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပုဏ္ဏားစုရပ်ကွက် ကျုံးရိုးချောင်း ရေကြောင်းရှင်းလင်းခြင်း၊ ကတွင်းခြံရိုးချောင်းချဲ့ခြင်းနှင့် ဥဿာ(၇)ရပ်ကွက်အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး စက်ယန္တရားများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုမရှိစေရေးနှင့် ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်လင်းဆောင်ရွက်နေမှုအား မြို့နယ်(၂၈)မြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်နှင့် ပဲခူးမြစ်တို့ ချိတ်ဆက်ထားသည့် ကုလားရိုက်ရိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျုံးရေမြောင်း ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းနေမှု၊ ကသစ်ပင်ရိုးချောင်း ရေကြောင်းရှင်းလင်းနေမှု၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးရေစီးဆင်းမှုကောင်းမွန်စေရေး ရှင်းလင်းနေမှုနှင့် ပဲခူးမြို့အတွင်းမှရေများ အဓိကထွက်သော အိုးဘိုချောင်း ရေထွက်ပေါက်တို့တွင် စက်ယန္တရား လူအင်အားဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးဂိတ်များသည် လုံခြုံရေးနှင့် တရားမဝင် ကုန်သွယ်မှုပပျောက်စေရေး၊ မူးယစ်ဆေးဝါးနှင့် အခြားကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့် တစ်ဘက်တွင်လည်း ခရီးသွားပြည်သူများနှင့် တရားဝင်ခွင့်ပြုထားသည့် ကုန်ပစ္စည်း များအား ငွေကြေးကောက်ခံမှုမရှိဘဲ လွယ်ကူလုံခြုံလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ စစ်တောင်းမြစ်အား ဖြတ်သန်း၍ တရားမဝင် ကုန်သွယ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်ကွင်းလမ်းကြောင်းများအား ဖော်ထုတ်ခြင်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website