ပဲခူး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက အခြေခံပညာ Grade-11 နှင့် Grade-12 ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မျိုးဆက်သစ်လူငယ်များသည် နောင် တစ်ချိန်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး(၃)ရပ်ကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အခြေခံပညာအဆင့်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တိုင်း ဥပဒေကိုသိရှိဖို့၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခု သင်တန်းသည် Grade-11 နှင့် Grade-12 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ဥပဒေ ပညာသင်ကြားပေးမည့် ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား/သူများကို သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ ပြန်လည်သင်ကြားပေးသွားရမှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် …
Read More »သာယာဝတီခရိုင်အတွင်း ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
သာယာဝတီ နိုဝင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သာယာဝတီခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားအောင် အဓိက ဆောင်ရွက်သွားရမှာဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားရမှာ၍ ယခုလို ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဂုဏ်ပြုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို ရှာဖွေဖြန့်ဖြူးပေးခဲ့သလို စိုက်ပျိုးရေ ရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများ မြေဆီလွှာအာဟာရ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေး
ရွှေတောင် နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က “ပညာအားမာန်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာအားမာန်” စာကြည့်တိုက်အတွင်း စာအုပ်/ စာစောင်များ ခင်းကျင်းထားရှိမှုနှင့် စာပေဖတ်ရှု့လေ့လာနေသည့် ကျောင်းသား/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး …
Read More »ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့
ပြည် နိုဝင်ဘာ ၁၈ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ လ(၈)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ သည်။ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲနှင့် နှစ်စဉ်ယှဉ်တွဲ ကျင်းပခဲ့ပြီး ပြည်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားလာပြည်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs ဒေသထွက်ကုန် အရောင်း ဆိုင်များ၊ လူသုံးကုန်နှင့် စားသုံးကုန် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဈေးဝယ်သူများ/ဈေးရောင်းချသူများနှင့် ညစဉ်အထူးစည်ကားလျက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှု၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ စည်းကမ်းရှိမှု တည်ငြိမ်အေးချမ်းခြင်း ကိုလိုလားမှုနှင့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် အေးချမ်းအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပြည် နိုဝင်ဘာ ၁၈ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ နိုဝင်ဘာလ(၁၇) ရက်နေ့၊ ညပိုင်းအချိန်က (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ် စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ အောင်ပွဲအခမ်းအနားအား “နမော တဿ ” (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်း အနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပတ္တမြားစေတီတော်၊ မူလ ကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား ယာယီ ပုလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ် များက ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေး
ပြည် နိုဝင်ဘာ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရွှေဘုံသာရေလမ်းကောင်းမွန်မှုရှိစေရေး သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကမ်းထိုး ရေယာဉ်ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်ပေါ်တွင် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီမြစ်သည် အဓိကကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းတစ်ခုဖြစ်ကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ရေလမ်း ကြောင်းအတိုင်း သွားလာနိုင်ရေး အသိပေးရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး သောင်တူးဖော်ယာဉ်သို့ တက်ရောက်၍ သောင်တူးဖော်နေသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ …
Read More »တန်ဆောင်မုန်းလပြည့်နေ၌ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့် နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၆ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ နိုဝင်ဘာလ(၁၅)ရက်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့၊ ညပိုင်းအချိန်က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့် နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ ရွှေမော်ဓောဘုရားလမ်းအတိုင်း မီးစင်္ကြာဖြင့် လှည့်လည်ပူဇော်ခြင်း၊ မီးပုံးပျံအကြီးနှင့် မီးပုံပျံ အသေးများအား လွှတ်တင်ပူဇော်ခြင်းတို့အား ပြုလုပ်ခဲ့ရာ ပဲခူးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက် လည်ပတ်ကြသည့် ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် အဆိုတော်များ၏ တေးဂီတဖျော်ဖြေတင်ဆက်ခြင်းနှင့် တန်ဆောင်တိုင် ကာလ အတွင်း မြို့နယ်များမှ လာရောက်ပြသသည့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား အများ ပြည်သူလူထုမှ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူသုံးကုန်၊ စားသုံးကုန်နှင့် အမှတ်တရ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ လူဦးရေ(၁၅၀၀၀) အား စတုဒီသာကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့
ပဲခူး နိုဝင်ဘာ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ဝန်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဘုရားဖူးလာပြည်သူ လူဦးရေ(၁၅၀၀၀)အား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာ လာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပူဇော်ပွဲအား နိုဝင်ဘာလ(၁၄) ရက်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတန်ဆောင်တိုင်ပွဲတော် စာတမ်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြသည်။ တစ်ဆက်တည်း “ပဲခူး” ဟု စာတမ်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး(၁၅၀၀)နှင့် မီးပုံပျံအကြီး (၆)လုံးတို့အား စတင်၍ လွှတ်တင်ပူဇော်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် …
Read More »