Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာ အပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာ အပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၃

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  သံဃာတော်အရှင်သူမြတ်အပါး(၁၀၀၀)တို့မှ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ဓမ္မာရုံအသီးသီးတို့တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ မြို့မိမြို့ဖများက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင် တော်ပေါ်တွင် သံဃာတော် အရှင်သူမြတ်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၏ ဆွမ်းဆန်စိမ်း လောင်းလှူနေမှု၊ စတုဒီသာကျွေးမွေးနေမှု တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

 ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး သို့ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည့် ဘုရားဖူးလာပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မြို့မိမြို့ဖများ၊ အလှူရှင်များမှ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဘုရားဖူးလာပြည်သူများအား နှာခေါင်းစည်းများဝေငှခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့လှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်း (၂၀၀၀)ကျော် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။