Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့

ပဲခူး မေ ၈

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး သွေးလှူဒါန်း သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဆေးရုံတက်လူနာစောင့်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လူနာစောင့်များအတွက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နေ့လည်စာထမင်းဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။