Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် ဧပြီ ၂၄

==================

          ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၌ ဧပြီလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ် သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းများရှိသည့် မြို့များအပြင် လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ မော်လမြိုင်၊ ပြည်အပါအဝင် သင်တန်းစခန်းစုစုပေါင်း(၁၇)ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း၊ သင်တန်းသားမောင်/မယ်များအနေဖြင့် လေကြောင်းလူငယ်သင်တန်း တက်ရောက်ခြင်းအားဖြင့် လေကြောင်းဆိုင်ရာပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်ခြင်း၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တန်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး နိုင်ငံတော်အတွက် အနာဂတ်ကာလမှာ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေ ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသည့် လေကြောင်းလူငယ်သင်တန်းမှ ထူးချွန်သည့် ကျောင်းသား/သူများအား နောင်နှစ်တွင်ဖွင့်လှစ်မည့် တန်းမြင့်လူငယ်လေကြောင်းသင်တန်း ကို တက်ရောက်ခွင့်ရရှိမှာဖြစ်သည့်အတွက် ထူးချွန်သူများဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အချိန်ပြည့်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပြီး မအားလပ်သည့်ကြားမှ မောင်တို့/မယ်တို့အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်စေရေး အခြေခံလေကြောင်းလူငယ်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား မောင်တို့/ မယ်တို့အနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ စေတနာကိုနားလည်သဘောပေါက်ပြီး အမိနိုင်ငံတော် ဖွံ့ဖြိုး ရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံတော်ကအားထားရသည့် ပျံသန်းရေးဆိုင်ရာပညာရှင်များ၊ လေကြောင်း စက်မှုလက်မှုပိုင်းဆိုင်ရာပညာရှင်များ၊ မြို့ပြလေကြောင်းဆိုင်ရာပညာရှင်များ ဖြစ်ပေါ်လာရေးတို့အတွက် လေကြောင်းမျိုးဆက်သစ် လူငယ်များဖြစ်သည်နှင့်အညီ ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံလေကြောင်းလူငယ်သင်တန်းသား များအတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသားမောင်/မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြား ခဲ့ပြီးနောက် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓါတ်ပုံများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ အခြေခံလေကြောင်းလူငယ်သင်တန်း၌ အခြေခံစစ်ပညာ(လက်နက်မဲ့)၊ လေကြောင်း ပညာသမိုင်း၊ လေကြောင်းပျံသန်းမှုအခြေခံသဘောတရား၊ RC လေယာဉ်ကိုယ်တည်ဆောက်မှု၊ RC လေယာဉ် စက်အုံတည်ဆောက်မှု၊ RC လေယာဉ်ဖြုတ်/တပ်ခြင်းနှင့် တည်ဆောက်မှု၊ Simulator (or) RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းစသည့် ဘာသာရပ်များအား ဧပြီလ(၂၄)ရက်မှ မေလ(၁၉)ရက် အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

          အဆိုပါအခြေခံပညာလေကြောင်းလူငယ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။