Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် နိုင်(၄)စာရင်းများအား ဧပြီလအကုန် Server အတွင်း အပြီးထည့်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် နိုင်(၄)စာရင်းများအား ဧပြီလအကုန် Server အတွင်း အပြီးထည့်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဧပြီ ၂၀

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမျိုးသားရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိသဖြင့် အခြားနိုင်ငံ များလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး အတွင်းမှာလည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန်ဖြင့် ထိုးနှံနိုင်ခဲ့ခြင်းကြောင့်ဖြစ်သော်လည်း ထပ်မံ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်လူဦးရေကိုလည်း ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား နေ့စဉ်သတ်မှတ် လူဦးရေအတိုင်း ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား တင်ပြခဲ့ ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက နိုင်(၄)စာရင်းများ Server အတွင်းသို့ ဧပြီလကုန်အပြီး ထည့်သွင်းဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးရမည့် သတ်မှတ်လူဦးရေအတိုင်း အပြည့်အဝ ထိုးနှံ ပေးနိုင်ရေးကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် မြတ်ကိုက လိုအပ်ပါက လုံခြုံရေးနှင့် တပ်မတော်ဆေးတပ်ဖွဲ့များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေကိုလည်းကောင်း အကြံပြု ဆွေးနွေးတင်ပြချက်များပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်း ညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။