Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၃၁

==================

              ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

               ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးမှုနှင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

                ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ စာရင်းဇယားများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ မှတ်တမ်းဓါတ်ပုံများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများနှင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း အသီးသီး လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။၎င်းနောက် ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

              ပဲခူးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် Oxygen Plant တည်ဆောက်ခြင်းအတွက် ကျပ်သန်း (၂၄၈၀.၇၅)၊ သီးခြားထောက်ပံ့ငွေများနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။